Friday, September 5, 2014
ဘေးထွက်ဆိုးကျိုး
စီမံချက်တွေ ရေးဆွဲရင်း
နေ့ မအား ညမနား လုပ်ခဲ့ကြတယ်
လုပ်သွားတဲ့ အလုပ်တိုင်းက စနစ်ကျလို့ 
ရေပါခြင်းကိုသာ အလေးထားသူတွေ
သူတို့ အိမ် မီးလင်းဖို့ 
ကိုယ့်အိမ်ပေါ် ထမင်းတတ်စားပြီး
ကိုယ့်သမီးကို မြှူသွားတာတောင်
မုဒိတာ ပွားနေနိုင်သူ
နာမကျန်း ဖြစ်နေတဲ့ အိမ်ရဲ့ စီးပွားရေး
အားဆေးတိုက်ဖို့ ပြင်ရင်း
ရောင်းမိတာက ခြံထွက်သီးနှံလေးပါ
အမြစ်ပါမကျန် ယူသွားတာတောင်
ဝယ်သူကို အပြုံးမပျက် နှုတ်ဆက်တတ်သူ
ဆောက်ကတည်းက လိုအပ်လို့ လေ
မျက်စိပွင့် နားပွင့်အောင်လို့ 
မြို့ နဲ့ ခပ်လှမ်းလှမ်းကို ရွေးခဲ့တာ
မလွတ်လပ်သင့်တဲ့ လွတ်လပ်ခြင်းတွေ
သောက်သုံးမကုန်နိုင်အောင်
အနာဂတ်ရဲ့  ဒေါက်တိုင်တွေအပေါ်
ရက်ရောခဲ့တယ်
ဖေါက်တုန်းကတော့
အမြန်ရောက်စေချင်တဲ့ ဆန္ဒနဲ့ ပါ
ဆောင်ပုဒ်တွေနဲ့  ပျော်မွေ့ တတ်သူမို့ 
ဆိုင်းဘုတ်ကလေးတော့ ချိတ်မိတာပေါ့
ခရီးနဲ့ တမလွန် လွဲသွားခဲ့လေတော့
ကတ္တရာပေါ်ကျတဲ့သွေးတွေ
ခြောက်တယ်လို့ ကို မရှိဘူး
အရင်းခံတာက
ဖြူစင်တဲ့ စေနနာတွေပါ
မဆိုသလောက် ယိုပေါက်ကလေးပဲရှိခဲ့တာ
အဲ့ဒီယိုပေါက်က တစိမ့်စိမ့်ထွက်ပြီး
တရိပ်ရိပ်နဲ့  အကျိုးပြုလိုက်ပုံများ
သန်းခြောက်ဆယ် နေ့ စဉ်သုံးတာတောင်
ခုချိန်ထိ မကုန်သေးဘူး ။
ဖြိုးဟံသာ
Posted via Blogaway
Monday, July 21, 2014
တောင်ပြုံး
တစ်ကယ်ပဲ ပြုံးနေမလားလို့ 
တွေ့ ရာမြင်ရာ လိုက်ကြည့်မိတော့
အသားနုပေါ် ရွေပေါ်ထိုးလိုက်သလို
ရဲရဲနီနေတဲ့ သွေးတွေက  
စာလုံးအနီတွေနဲ့ အလှချင်းပြိုင်လို့  
တင့်တယ်ခြင်းကတော့ဗျာ
တောတောင်ရယ်လို့ 
အင်္ဂါမညီတော့ပေမယ့်
မဲ့ပြုံးလေး တစ်ချက်  ပြုံးရင်း
မိတ်ဆွေဟောင်းတွေရှိတဲ့ဆီ လိုက်သွားတော့မယ်လို့
လွမ်းလွမ်း ဆွေးဆွေးလေး ပြောရှာတယ် ။
ဖြိုးဟံသာ
Posted via Blogaway
ဆုလဒ်
ချွန်မြမြ မေးစေ့လေးထက်
အရောင် ခဏတိုင်း ပြောင်းတတ်တဲ့
နှုတ်ခပ်းပါးလေး လှုပ်ခတ်ချိန်
ငါ့ရဲ့ အနာဂတ်တွေလည်း
ဦးတည်ရာ မဲ့လို့ 
ခပ်ကြမ်းကြမ်း ချည်ထည်လေးက
နှလုံးသွေးနဲ့  ယက်ဖေါက်ထား ပေမယ့်
အရောင်ဆိုး ပိုးထည်လေး လောက်တော့
မတောက်ပြောင်ခဲ့ဘူး
အချိန်တန်လို့  ကြွေကျတော့မယ့်
ရော်ရွက်ဝါလေး တွေ့ ရင်တောင်
ငါလေ   မျက်နှာလွှဲတတ် ခဲ့ပြီ ။
ဖြိုးဟံသာ
Posted via Blogaway
အချိန်
နှစ်နဲ့ တွက်လိုက်ရင် နှစ်အလိုက်
လနဲ့ တွက်လိုက်ရင် လအလိုက်
ရက်နဲ့ တွက်လိုက်ရင် ရက်အလိုက်
နေရာလိုက်လို့  အဖြေရှိပေမယ့်
ရင်ဘတ်နဲ့  တွက်လိုက်တော့
ခပ်နွေးနွေးလေးပဲ ရှိသေးတယ် ။
ဖြိုးဟံသာ
Posted via Blogaway
ပွန်း
ဗူးလေးတစ်ဗူးထဲ အတူနေရတုန်းကတော့
အဆင့်အတန်းဆိုတာ မရှိသလို
အသားရောင်လဲ မခွဲခြားဘူး  
လူဆိုတဲ့ သတ္တဝါတွေက အပြင်ထွက်ခွင့်ပေးလိုက်တော့  
ငါ့တို့ တစ်တွေ
သွေးမခွဲရပါပဲ သွေးတွေကွဲလို့ 
ရန်ညှိုးမရှိပဲ ရန်တွေဆောင်လို့ 
ရုပ်ရည်အလိုက် အဆင့်တွေလဲကွဲလို့ 
နှစ်ကွက်ကျော်ပြီး တိုက်စစ်ဖွင့်ပေမယ့်
သက်ဆိုးကမရှည်တတ်တော့
ဗူးလေးထဲ အရင်ဆုံးပြန်ရောက်ခဲ့ရပြီ
သိပ်မကြာခင် ဘုရင်ကြီးလည်း
ကျုပ်ဘေးနား ရောက်လာတော့မှာ ။
ဖြိုးဟံသာ
Posted via Blogaway
Wednesday, June 25, 2014
Life
So pretty poem,
Too pithy word .
Define it's beauty ,
Years over thirty .
Not finished ,
A stanza yet !
phyoe han thar
Posted via Blogaway
Tuesday, June 24, 2014
ဘဝ
လှလိုက်တဲ့ ကဗျာ
ကျစ်လိုက်တဲ့ စကားလုံး
သူ့ အလှကို စကားပြေပြန်တာ
နှစ်သုံးဆယ်ကျော်ပြီ
ခုချိန်ထိ တစ်ပိုဒ် မပြီးသေးဘူး ။
ဖြိုးဟံသာ
Posted via Blogaway